သင်၏ NDIS ဆိုင်ရာ လိုအပ်ချက်များအားလုံးကို ပံ့ပိုးမှုရယူပါ။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

တစ်ကိုယ်ရည်ဆိုင်ရာ ပုဂ္ဂိုလ်ရေးစောင့်ရှောက်မှု

  • တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာအကူအညီ- ရေချိုးခြင်း၊ခံတွင်းသန့်ရှင်းရေးသန့်ရှင်းသပ် ရပ်ပေးခြင်း၊ အပေါ့အလေးစွန့်ရာတွင်ကူညီပေးခြင်းဆိုင်ရာ ပံ့ပိုးမှုများပါဝင်ပါသည်။

  • ဝတ်စားဆင်ယင်မှုဆိုင်ရာကူညီပေးခြင်း- အဝတ်အစားဝတ်ဆင်ပေးခြင်း၊ အဝတ်အစားချွတ် ပေးခြင်းနှင့် လှဲလှယ်ပေးခြင်းဆိုင်ရာပံ့ပိုးမှုများပါဝင်ပါသည်။

  • အစားအသောက်သုံးဆောင်ရာတွင်ကူညီပေးခြင်း- အစားအသောက်များပြင်ဆင်ပေးခြင်း၊ ကျွေးမွေးခြင်းနှင့် သောက်သုံးနိုင်ရန်ကူညီပေးခြင်းဆိုင်ရာပံ့ပိုးမှုများပါဝင်ပါသည်။

  • ရွေ့လျားသွားလာနိုင်ရန်ကူညီပေးခြင်း- အိမ်ခြံဝင်းအတွင်းတွင်သွားလာလှုပ်ရှားခြင်း၊ အိပ်ယာဝင်နှင့်အိပ်ယာထရန်အတွက်ကူညီပေးခြင်း၊ ရွေ့လျားသွားလာမှုဆိုင်ရာအကူအညီ ပစ္စည်းများအသုံးပြုပေးခြင်းများဆိုင်ရာပံ့ပိုးမှုများပါဝင်ပါသည်။

  • ဆေးဝါးများသုံးစွဲနိုင်ရန်ကူညီပေးခြင်း-ဆေးဝါးများကိုစနစ်တစ်ကျသုံးစွဲနိုင်ရန် စီမံခန့်ခွဲကူညီ ပေးခြင်းဆိုင်ရာပံ့ပိုးမှုများပါဝင်ပါသည်။

  • ဆီးထိန်းနိုင်မှု အကူအညီ- ၎င်းတွင် ဆီးအိမ်ထိန်းခြင်း သို့မဟုတ် အူသိမ်အူမထိန်းခြင်းဆိုင်ရာ ပံ့ပိုးကူညီမှု အပါအဝင် ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းသွားခြင်းဆိုင်ရာ ပံ့ပိုးမှုတို့ ပါဝင်နိုင်သည်။

  • အရေးပြားကျန်းမာရေးဆိုင်ရာကူညီပေးခြင်း-ထိခိုက်ဒဏ်ရာရခြင်း၊အရေးပြားယားယံခြင်း နှင့် အခြားအရေပြားဆိုင်ရာပြသာနာများအား ကူညီပြုစုပေးခြင်းဆိုင်ရာပံ့ပိုးမှုများပါဝင်ပါ သည်။

ရပ်ရေးရွာရေးပူးပေါင်းပါဝင်မှု

ရပ်ရေးရွာရေးပူပေါင်းပါဝင်မှုပံ့ပိုးကူညီခြင်းတွင် အောက်ပါလှုပ်ရှားမှုများအား ကျယ်ကျယ်ပြန့် ပြန့်ထဲထဲဝင်ဝင်ဖြင့် အကန့်အသတ်မရှိ ပါဝင်လုပ်ဆောင်နိုင်သည်။

  • စာဖတ်သူများအသင်းတွင်ပါဝင်ခြင်း၊စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခြင်းနှင့် မကြာ ခဏ စာကြည့်တိုက်ခရီးစဥ်များပြုလုပ်ခြင်း။

  • အပတ်စဥ်တနင်္ဂနွေပိတ်ရက်များနှင့် လေ့လာရေးခရီစဥ်များ။

  • လူကြီးမင်း၏ NDIS တောင်းဆိုချက်များအား တင်ပြတောင်းဆိုရာတွင် ကူညီဖြည့်စွက်ပေး ခြင်း။

  • NDIS ကဏ္ဍမှလူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏အသိမိတ်ဆွေများနှင့် မိသားစုများကြားတွင် အဆက် အသွယ်လုပ်ပေးခြင်း။

  • လူကြီးမင်း၏မြို့တွင်းနှင့် စျေးဝယ်စင်တာများသို့ မကြာခဏသွားရောက်ခြင်း။


ရပ်ရေးရွာရေးပူပေါင်းပါဝင်မှုသည် NDIS ၏အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပြီး မသန်စွမ်းသူများ ကို ၎င်းတို့၏ ဒေသခံအသိုက်အဝန်းနှင့် ထိတွေ့ဆက်ဆံစေပြီး ၎င်းတို့စိတ်အားထက်သန်သည့် လှုပ် ရှားမှုများတွင် ပါဝင်လှုပ်ရှားနိုင်ရန်အတွက် ပံ့ပိုးပေးရန်ရယ်ရွယ်ပါသည်။ ရပ်ရေးရွာရေးပူးပေါင်းပါ ဝင်မှုအား NDIS ကဏ္ဍအောက်ရှိ“ကျိုးကြောင်းစီလျှော်ပြီး လိုအပ်သော” ပံ့ပိုးမှု  အဖြစ်သတ်မှတ် ထားပြီး  မိမိတို့၏ရည်မှန်းချက်များပြည့်ဝရန်လိုအပ်ပါက  NDIS အစီအစဥ်တွင် ထည့်သွင်းနိုင်ပါ သည်။

ခရီးသွားနှင့်ပို့ဆောင်ရေး


လူမှုဆက်ဆံရေးကောင်းမွန်သူနှင့် ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အပြင်လောကကို ထိတွေ့ရန်လိုအပ်ပြီး ကျွန်ုပ်တို့ NDIS ဝန်ဆောင်မှုပေးသူများအနေဖြင့် ၎င်းအချက်အား အပြည့်အဝသိရှိနားလည်ထားပါသည်။အဆိုပါလိုအပ်ချက်အရ ကျွန်ုပ်တို့သည် NDIS ကဏ္ဍတွင်ပါဝင်သူအားလုံး၏ နေ့စဥ်ခရီးစဥ်များအား ဖြစ်မြောက်စေရန်နှင့် ဘေးကင်း စေရန်အတွက် ခရီးသွားဝန်ဆောင်မှုအကူအညီအား စီစဥ်ထားရှိပါသည်။ ဤဝန်ဆောင်မှုတွင် အောက်ပါအချက်များအကန့်အသတ်မရှိပါဝင်ပါသည်။

  • အလုပ်နှင့်ကျောင်းသို့နေ့စဥ်ကားမောင်းပို့ပေးခြင်း။

  • သင့်မြို့အတွင်းရှိစာကြည့်တိုက်၊ ရပ်ရွာအခြေပြုစင်တာများနှင့် စျေးဝယ်စင်တာများသို့ သွား ရောက်နိုင်ရန် ကူညီပေးခြင်း။

  • လိုအပ်သည့်အချိန်တိုင်းတွင် သင့်ဆရာဝန် သို့မဟုတ် ဆေဝါးအရောင်းဆိုင်များသို့ သွားရောက်ရာတွင်ကူညီပေးခြင်း။

  • သင့်လိုအပ်ချက်အရ NDIS မှပံ့ပိုးပေးထားသော ရွေ့လျားနိုင်ရန်ကူညီပေးသော ပစ္စည်းအား လုံးကို အသုံးပြုနိုင်စေရန် ကူညီပေးခြင်း။

  • သင်၏ပုံမှန်ခရီးစဥ်များနှင့် ခရီးဝေးထွက်ခြင်းများကို ကူညီဆောင်ရွက်ပေးခြင်း။

သင်၏ခရီးသွားလာရေးလိုအပ်ချက် မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့၏ NDIS ပံ့ပိုးကူညီမှုလုပ် သားများသည် သင်၏ဘေးအန္တရယ်ကင်းရေးကိုမထိခိုက်စေပဲ လိုအပ်ချက်အားလုံးကိုဖြည့် ဆည်း ပေးနိုင်ရန် ကူညီပံ့ပိုးပေးပါမည်။


အိမ်နှင့်ခြံဝန်းသန့်ရှင်းရေး

အိမ်သန့်ရှင်းရေးဝန်ဆောင်မှုတွင် ဖုန်ခါခြင်း၊ ဖုန်စုပ်ခြင်း၊တံမြက်စည်းလှဲခြင်း၊ကြမ်းတိုက်ခြင်း၊မီးဖို ချောင်နှင့် ရေချိုးခန့်သန့်ရှင်းခြင်း၊အိပ်ယာခင်းလဲလှယ်ခြင်းနှင့် အခြားအိမ်မှုကိစ္စ အစရှိသည်များ အား ကိုယ်တိုင်လုပ်ဆောင်ရန် အခက်အခဲရှိသူများအတွက် ကူညီပံ့ပိုးမှုများပါဝင်ပါသည်။

ခြံဝန်းသန့်ရှင်းရေးတွင် မြက်ရိတ်ခြင်း၊ ပေါင်းသင်ခြင်း၊ အပင်ရေလောင်းခြင်းနှင့် ဥယျာဥ် သို့မဟုတ် ပြင်ပဧရိယာအား အထွေထွေပြုပြင်ထိန်းသိမ်းခြင်းစသည့်လုပ်ဆောင်မှုများပါဝင်ပါသည်။

မစတင်မီမေးခွန်းမျာမေးစရာရှိလား?

ဆက်သွယ်လိုက်ပါ